မကြာမီ ဖွင့်လှစ်တော့မည့်UCS(Banmaw)Online Class တွင် Electronic Products Manufacturing Company မှ Managing Director ဆရာဦးဌေးဝင်းဦးမှ ကူညီသင်ကြားပေးမည်ဖြစ်ပါတယ်။ ဆရာဦးဌေးဝင်းဦးသည် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ B.C.Tech ဘွဲ့ကိုလည်းကောင်း၊ ရန်ကုန်နည်းပညာတက္ကသိုလ်မှ B.E(Electronic)ဘွဲ့တို့ကိုရရှိခဲ့ပြီး စင်ကာပူနိုင်ငံ NTU မှ Master ဘွဲ့ကို ရရှိခဲ့ပါတယ်။ ဆရာဦးဌေးဝင်းဦးရဲ့ ပညာအရည်အချင်းနှင့်နိုင်ငံတကာ အတွေ့အကြုံများ လုပ်ငန်းအတွေ့အကြုံများကို ဆရာ့ရဲ့ Biography မှာ လေ့လာသိရှိနိုင်အောင် မျှဝေဖာ်ပြအပ်ပါတယ်။~~~စေတနာ မေတ္တာနှင့် ပါဝင်ကူညီသင်ကြားပေးပါသော ဆရာဦးဌေးဝင်းဦးအား ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကြိုဆိုပါကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါတယ်။ကွန်ပျုတာတက္ကသိုလ်(ဗန်းမော်)မိသားစု
