” ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ”

ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)တွင် (၁၉-၂-၂၀၁၉)ရက်နေ့၊ နံနက်(၉း၀၀)နာရီမှ နေ့လည်(၁၁း၀၀)နာရီအထိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ဗန်းမော်ခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူးဦးဥာဏ်ဝင်းစိုးမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ သိကောင်းစရာများကို ရှင်းလင်းဟောပြောခြင်း၊ သင်တန်းပို့ချခြင်းနှင့် ယာဉ်မောင်းလိုင်စင်များပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါတယ်။
~~~ ယခုလို ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)သို့ လာရောက်၍ ယာဉ်မောင်းလိုင်စင်များပြုလုပ်ပေးခြင်းနှင့် ယာဉ်စည်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများကို လာရောက်ဟောပြောပေးတဲ့အတွက် ဗန်းမော်ခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ၀န်ထမ်းများအား ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။