University Of Computer Studies ThinGyan Festival

ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်) ကျောင်းတွင်းရေသင်္ကြန်ပွဲတော်အား (၁၃-၃-၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများမှ ပျော်ပျော်ရွှင်ရွှင်၊ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီး၊ စည်းစည်းလုံးလုံးပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
အထူးအားဖြင့် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကျောင်းပြီးခဲ့သော ကိုဝီလျံထွန်း( Project K) အဖွဲ့မှ လာရောက်ကူညီဖျော်ဖြေပေးခဲ့သည့်အတွက် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)အနေဖြင့်အေးချမ်းပျော်ရွှင်ရေသဘင်ပွဲအဖြစ် အသိအမှတ်ပြုကာ မှတ်မှတ်ထင်ထင်ရှိနေမည့် နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။
အေးချမ်းပျော်ရွှင်စွာ ပြီးမြောက်ခဲ့သော ရေသဘင်ပွဲတော်နေ့အဖြစ်ဖန်တီးပေးခဲ့သော ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ Project K အဖွဲ့အားလည်းကောင်း၊ ရေရရှိရေးအတွက် ရေယာဉ်များကူညီပံ့ပိုးခဲ့ပြီး ဦးထုပ်များ ဝေငှပေးခဲ့သော ဗန်းမော်မြို့ ကမ္ဘောဇဘဏ်(၁)အားလည်းကောင်း၊ အရိပ်ရအောင် ထီးအမိုးများကူညီပေးခဲ့သော My Tel အားလည်းကောင်း၊ ကပြဖျော်ဖြေပေးသော ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ဂုဏ်ယူကျေနပ်စွာ ကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်အပ်ပါတယ်