~~~”Social Research ဆိုင်ရာ Online Workshop တက်ရောက်ရန်ဖိတ်ကြားခြင်း”~~~ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်) တွင် Titan Source မှ လှူဒါန်းထားသော School Management Information System -SMIS နှင့် Online Learning၊ Virtual ClassRoom Platform တို့ ဖြင့် Online Class အား (၂၅-၅-၂၀၂၀) ရက်နေ့မှ စတင် ဖွင့်လှစ်လျက်ရှိပါသည်။ ~~~ Titan Source ၏ Online Class Room Platform ကိုအသုံးပြု၍ Institute for Strategy and Policy-Myanmar မှ စွမ်းဆောင်ရည်မြှင့်တင်ရေး ဒါရိုက်တာတစ်ဦး ဖြစ်သူ ဆရာမ ဒေါက်တာ စုမွန်သဇင်အောင် မှ Introduction to Social Research ခေါင်းစဉ်ဖြင့် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)တွင် Online Workshop အား(၆-၇-၂၀၂၀)ရက်နေ့ ညနေ ၂ နာရီမှ ၃နာရီ ၃၀ မိနစ်အထိ ပြုလုပ်မည်ဖြစ်ပါသဖြင့် တက်ရောက်လိုသူ ဆရာ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ ပူးတွဲဖော်ပြပါ Link တွင် (၄-၇-၂၀၂၀)ရက်နေ့ထက် နောက်မကျပဲ Registration ပြုလုပ်ပေးပါရန် ဖိတ်ခေါ်အကြောင်းကြားအပ်ပါတယ်…~~~ဆရာမ ဒေါက်တာစုမွန်သဇင်အောင်သည် ဟောင်ကောင်တက္ကသိုလ်မှ Politics and Governance Studies ဖြင့် ပါရဂူဘွဲ့ရရှိခဲ့သည့်အပြင် International Political Economy ဖြင့် M.Sc ဘွဲ့အား the Nanyang Technological University, Singapore မှ လည်းကောင်း၊ Australia နိုင်ငံ၊ the University of NEwcastle မှ MBA ဘွဲ့တို့ကိုလည်းကောင်း၊ ရန်ကုန်တက္ကသိုလ်မှ Southeast Asia and Pacific Studies ဖြင့် BA ဘွဲ့တို့ကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်…~~~လူမှုသိပ္ပံနယ်ပယ်တွင် ပြုလုပ်လေ့ရှိသော သုတေသနများတွင် မိမိပတ်ဝန်းကျင်မှ ပြောင်းလဲနေသော အရာများကို စုးစမ်းလေ့လာခြင်းကဲ့သို့ နိစ္စဓူဝကိစ္စများမှ စတင်ပြီး အရေးကြီးသည့် မူဝါဒအပြောင်းအလဲများကို သုံးသပ် လေ့လာနိုင်ရန်နှင့် လူမှုသုတေသနနယ်ပယ်တွင် သုတေသနစာတမ်းပြုစုရာ၌ သိသင့်သိထိုက်သည့် အခြေခံသဘောတရားများကို ဆွေးနွေးရှင်းပြရန် ရည်ရွယ်၍ အဆိုပါ Online Workshop အား ကျင်းပပြုလုပ်ရခြင်းဖြစ်ပါတယ်…~~~Workshop on Introduction to Social Research ကို ကျင်းပပြုလုပ်ခြင်းအားဖြင့် တက်ရောက်လာသူများအား သုတေသန နည်းစနစ်များနှင့် ခွဲခြမ်းစိတ်ဖြာမှုအတွက် ထောက်ကူပေးနိုင်ခြင်း၊ သုတေသန ပြုလုပ်ရာတွင် စနစ်တကျနည်းလမ်းများကို အသုံးပြုလာနိုင်သည့်အတွက် အမှားအယွင်း နည်းစေခြင်း နှင့် သုတေသန ပြုလုပ်ရန်အတွက် တိုက်တွန်းနှိုးဆော်ပေးနိုင်ခြင်း၊ လေ့လာ စူးစမ်းမည့် မေးခွန်းဆိုင်ရာ အချက်အလက်များ ရှာဖွေနိုင်ခြင်း၊ အချက်အလက်များအား ခွဲခြမ်း စိတ်ဖြာနိုင်ခြင်းနှင့် တွေ့ရှိချက်များကို ထုတ်ပြန်ဖြန့်ဝေနိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ပါတယ်…မူဝါဒရေးဆွဲရေးဆိုင်ရာကိစ္စရပ်တွေ…ဂျာနယ်ထုတ်ဝေ ပံ့ပိုးရေးဆိုင်ရာ ကိစ္စရပ်တွေ အစရှိသည့် မအားလပ်သည့် ကြီးမားသော အလုပ်ကိစ္စများမှ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရန် စိတ်စေတနာအပြည့်ဖြင့် အချိန်ပေးကာပညာမျှဝေပေး ကူညီပေးပါသော ဆရာမဒေါက်တာစုမွန်သဇင်အောင်အား ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်…

Link