အဝေးမှနေ၍ နှုတ်၏ဆောင်မခြင်း၊ ကိုယ်၏ဆောင်မခြင်း၊ စိတ်၏ဆောင်မခြင်းတို့ဖြင့် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကျောင်းသူ၊ ကျောင်းသားများအတွက် ပံ့ပိုးကူညီပေးကြသူများအား ကျေးဇူးအထူးတင်ရှိပါတယ်။
ဂျပန်နိုင်ငံအ​ခြေစိုက် IT Company တစ်ခုဖြစ်သော Acroquest Myanmar Technology co. ltd.၏ Remote Internship Selection Seminar တွင် တစ်နေကုန် ဇွဲလုံ့လ ဝီရိယအပြည့်ဖြင့် ကြိုးစားအားထုတ်ကြသော ကျောင်းသူ၊ ကျောင်းသားများ အားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။
Remote Internship Selection Seminar မှာ ပါဝင်တက်ရောက်ခွင့်ရရှိခဲ့ သည့်အတွက် အတွေ့အကြုံကောင်း တွေ အများကြီးရရှိခဲ့ပြီး နိုးကြားတက်ကြွ ပျော်ရွှင်ခဲ့ရပါကြောင်း ကျောင်းသူ ကျောင်းသားများထံမှ သိရှိရသည့်အတွက် ဝမ်းမြောက် ဝမ်းသာစွာဖြင့် Acroquest Myanmar Technology co. ltd အား ကျေးဇူးတင်ရှိပါတယ်…
စိတ်စေတနာအပြည့်ဖြင့်ရှင်းလင်း တင်ပြ​ပေးကြ​သော သင်ကြားပြသ လမ်းညွှန် ပေးခဲ့ကြပါသော Acroquest Myanmar Technology co. ltd. မှ တာဝန်ရှိသူများ၊ IT ပညာရှင်များ နှင့် အခက်အခဲများကိုစိတ်ရှည်သည်းခံကာ ကူညီပံ့ပိုး တွဲခေါ်သူများ ကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်း တင်အပ် ပါတယ်။