ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)နှင့် ဗန်းမော်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Physical Fitness Dance သင်တန်းကို (၅-၇-၂၀၁၉)ရက်နေ့မှ (၁၄-၇-၂၀၁၉)ရက်နေ့ အထိ ကျင်းပ ပြုလုပ်ခဲ့ပြီး (၁၅-၇-၂၀၁၉)ရက်နေ့တွင် “Physical Fitness Dance” သင်တန်းဆင်းပွဲအား ကွန်ပျူတာ တက္ကသိုလ်(ဗန်းမော်) ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
မအားလပ်တဲ့အလုပ်တွေနှင့် ရေဘေးကယ်ဆယ်ရေးအလုပ်တွေ အများအပြားကြားက ရသမျှ အချိန်လေးပေး၍ သင်တန်းဆင်းပွဲသို့ကြွရောက်လာသော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးစိုးလှိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်နှင့်တကွ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အားလုံးကို ကွန်ပျူတာ တက္ကသိုလ်(ဗန်းမော်)မှ မှတ်မှတ်ထင်ထင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ပါတယ်။ အဆိုပါ ကိုယ်ကာယ ကြံ့ခိုင်မှု အကသင်တန်းသို့တက်ရောက်ခဲ့ကြသည့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အချင်းချင်းချစ်ခင်ရင်းနှီးမှုကို ပိုမိုရရှိလာခြင်း၊ အများနှင့် ပူးပေါင်း ဆောင်ရွက် တတ်သည့် အသင်းအဖွဲ့စိတ်ဓာတ်ပိုမိုဖွံ့ဖြိုးလာခြင်း၊ ဦးဆောင်သင်ကြားနိုင်သည့် ခေါင်းဆောင်မှု စိတ်ဓာတ် ရင့်သန်လာခြင်းအစရှိသည့် အကျိုးကျေးဇူးများကိုလည်း ရရှိခဲ့ပါသည်။
အထူးအားဖြင့် Physical Fitness Dance သင်တန်းအား ပူးပေါင်းဖွင့်လှစ်ခွင့်ရရှိအောင် ဦးဆောင် ဦးရွက်ပြုခဲ့ပါသော ဗန်းမော်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်စိုးအား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် သင်တန်းနည်းပြဆရာ၊ ဆရာမများကိုလည်း ကျေးဇူးတင် ရှိပါကြောင်းနှင့် နှိုးကြွားတက်ကြွစွာ ပါဝင်တက်ရောက်ခဲ့ကြသော ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား ကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းရိုးရာအကဖြင့် ဖျော်ဖြေပေးပါသော ရှမ်း တိုင်းရင်းသားအဖွဲ့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် နောက်နောင်ကိုလည်း ယခုကဲ့သို့ ကာယစွမ်းရည် မြင့်မားရေးသင်တန်းများကို နောက်တစ်ကြိမ်ထပ်မံလာရောက်၍ ဖွင့်လှစ်ပေးဖို့ တိုက်တွန်းနှိုးဆော ဖိတ်ခေါ်အပ်ပါတယ်။