
Network Cabling and Design , CCTV Installation, Routing and Switching , Implementation Training
Network Cabling and Design, CCTV Installation, Routing and Switching , Implementation Training လက်တွေ့ သင်တန်းများဖွင့် လှစ်ခြင်း
ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ပဉ္စမနှစ် ကျောင်းသား၊ ကျောင်းသူများ လက်တွေ့ကျွမ်းကျင်မှု စွမ်းရည်မြှင့်တင့်ရန်နှင့် လုပ်ငန်းခွင် အထောက် အကူပြုစေရန် ရည်ရွယ်၍လည်းကောင်း၊ Networking ဘာသာရပ်ကို စိတ်ဝင်စားသော ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့ကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်၍လည်းကောင်း Network Cabling and Design, CCTV Installation, Routing and Switching အစရှိသည့် လက်တွေ့သင်တန်းများအား (၂၉.၄.၂၀၁၉)ရက်နေ့ မှ စ၍ အောက်ဖော်ပါအတိုင်း အခမဲ့ ဖွင့်လှစ်ပို့ချပေးသွားမှာဖြစ်ပါတယ်
(၁) ပဉ္စမနှစ်ကျောင်းသား၊ ကျောင်းသူများအတွက် (၂၉.၄.၂၀၁၉)ရက်နေ့မှ (၁.၅.၂၀၁၉)ရက်နေ့အထိ
(၂) ပထမနှစ်မှ စတုတ္ထနှစ်အထိ ကျောင်းသား၊ ကျောင်းသူများအတွက် (၂၉.၄.၂၀၁၉)ရက်နေ့မှ (၁၅.၅.၂၀၁၉)အထိ နံနက်(၉း၀၀)နာရီမှ ညနေ(၄း၀၀)နာရီ အထိ
သင်တန်းတက်ရောက်လိုသူများ (၂၅.၄.၂၀၁၉) ရက်နေ့နောက်ဆုံး ထား၍ ကျောင်းအုပ်ကြီးရုံးခန်းသို့ စာရင်းပေးပို့ပါရန် အကြောင်းကြား ပါတယ်