ရည်ရွယ်ချက်၊ ရည်မှန်းချက် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးဖြစ်လာစေရေးအတွက် လိုအပ်လျှက်ရှိသော နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်သည့် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရန်အတွက် ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)ကို ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။ အဓိကသင်ကြားသည့် ဘာသာရပ်များ ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)တွင် အဓိကသင်ကြားလျက်ရှိသည့် ဘာသာရပ်များမှာ ကွန်ပျူတာဆော့ဖ်ဝဲ၊ နည်းပညာ၊ အသုံးချသိပ္ပံနှင့် သတင်းအချက်အလက်သိပ္ပံဘာသာရပ်များဖြစ်ပါသည်။