အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀)၊ National Education Strategic Plan-NESP(2021-2030)ရေးဆွဲခြင်းဆိုင်ရာ အဆင့်မြင့်ပညာကဏ္ဍ အတွက် International Consultant ဖြစ်သည့် ပါမောက္ခ Dr. Jamil Salmi မှ “ The Contribution of Higher Education and What is needed to Build the University of the Future “ ခေါင်းစဉ်ဖြင့် Virtual Meeting ပြုလုပ်၍ (17-12-2020)ရက်နေ့၊ ညနေ(၅)နာရီခွဲတွင်ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါတယ်…အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အမြဲတန်းအတွင်းဝန် ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဇော်မြင့်၊ အဆင့်မြင့်ပညာဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာသမဂ္ဂအဖွဲ့ဝင်များ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။