***ယနေ့ ကျွန်တော်တို့ရဲ့ ဆောင်ရွက်မှုတွေသည် နောင်တစ်ချိန်မှာ သမိုင်းမှတ်တမ်းဝင်မယ်လို့ ယုံကြည်ပါကြောင်း၊ NESP II သည် ကျွန်တော်တို့တတွေရဲ့ မြန်မာနိုင်ငံတော်ကြီး ပြည်ထောင်စုကြီးအတွက် ကျွန်တော်တို့ ဘယ်လောက် ညီညီညွတ်ညွတ် လုပ်ကိုင်နိုင်စွမ်းရှိတယ်ဆိုတာကိုပြသနိုင်ဖို့အတွက် ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာရှိသော လူသားများအဖြစ် ရပ်တည်နိုင်ဖို့အတွက် ကျွန်တော်တို့ဘယ်လောက်သင်ယူနိုင်စွမ်းရှိတယ်…ဘယ်လောက်သင်ယူနိုင်ဖို့အတွက် ဖြည့်ဆည်းပေးနိုင်တယ်…သင်ယူနိုင်စွမ်း အလုပ်လုပ်နိုင်စွမ်းတွေ ရှိမှသာ ကမ္ဘာ့အလယ် ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်…

***ဂုဏ်သိက္ခာရှိစွာ သင်ယူနိုင်စွမ်း၊ ဂုဏ်သိက္ခာရှိစွာ အလုပ်လုပ်နိုင်စွမ်း၊ ဂုဏ်သိက္ခာရှိစွာ အသက်ရှင်ရပ်တည်နိုင်စွမ်းရှိဖို့ NESP ကနေ အများကြီး အထောက်အကူပြုမယ်လို့ ယုံကြည်ပါကြောင်း ၁၈-၁၂-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး မြွက်ကြားသော အမှာစကားမှ မှတ်မိသမျှ မျှဝေတင်ပြလိုက်ပါတယ်…NESP (အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး)သို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဆရာကြီး ဉီးဝင်းမော်ထွန်း၊ အမြဲတန်းအတွင်းဝန် ဆရာကြီးဒေါက်တာဇော်မြင့်၊ အဆင့်မြင့်ပညာဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသိန်းဝင်း၊ DTVE မှ ညွန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဉီးနှင့်ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများ စုစုပေါင်း(၇၀၀)ဉီးခန့်တက်ရောက်ခဲ့ကြပြီး တန်ဖိုးရှိတဲ့ ဆွေးနွေးအကြံပြုချက်များ ဆွေးနွေးတင်ပြခဲ့ကြပါတယ်…