ကျောင်းအပ်ရာတွင်လိုအပ်သောအချက်အလက်များ စာသင်နှစ်တစ်နှစ်အတွက် သင်ကြားရေးကာလ ၂ ခုရှိပါသည်။ ယေဘုယျအားဖြင့် ပထမစာသင်နှစ်ဝက်ကို ဒီဇင်ဘာလတွင်စတင်ပြီး ဧပြီလတွင်အဆုံးသတ်လေ့ရှိပါသည်။ ဒုတိယစာသင်နှစ်ဝက်ကို ဇွန်လတွင်စတင်ပြီး စက်တင်ဘာလတွင် အဆုံးသတ်လေ့ရှိပါသည်။ ကျောင်းအပ်ရာတွင်လိုအပ်သောစာရွက်စာတမ်းများ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)တွင် ကျောင်းအပ်နှံရန်အတွက် အောက်ဖော်ပြပါစာရွက်စာတမ်းများ လိုအပ်ပါသည်။အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံချက် (မူရင်း)ရဲစခန်းမှ ပစ်မှုကင်းရှင်းကြောင်းထောက်ခံချက် (မူရင်း) ကျောင်းသားနှင့် မိဘတို့၏ မှတ်ပုံတင် (မူရင်း၊ မိတ္တူ)လိုင်စင်ဓာတ်ပုံ (၃-ပုံ)