Covid 19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၏ စုပေါင်းထည့်ဝင်ငွေ အလှူငွေကျပ်သုံးသိန်း(၃၀၀၀၀၀)ကျပ်အား ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)ကိုယ်စား ဒုတိယညွှန်ကြားရေးမှူး(စီမံဌာနမှူး)မှ လှူဒါန်းရာ ဗန်းမော်မြို့ ၅ မိုင်စီအင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စီအင်အခြေခံပညာမူလတန်းလွန်ကျောင်းအုပ်ဆရာမကြီးတို့မှ လက်ခံရယူခဲ့ကြပါတယ်…ဆက်လက်ပြီး အမှန်တကယ်လိုအပ်နေသော နေရာများသို့လည်း ဆရာ၊ ဆရာမများ ဝန်ထမ်းများမှ လှူဒါန်းသွားဖို့ စီစဉ်လျက်ရှိပါတယ်…