ဖူဆယ်​ဘောလုံးပြိုင်​ပွဲ ဗိုလ်​လုပွဲစဉ်

ကွန်​ပျူတာတက္ကသိုလ်​(ဗန်းမော်​) ဖူဆယ်​ဘောလုံးပြိုင်​ပွဲ၏ ဗိုလ်​လုပွဲစဉ်​ဖြစ်​သည့် Second Year(C) vs Third Year(B)တို့၏ပွဲစဉ်​နှင့် တတိယလုပွဲစဉ်​ဖြစ်​သည့် First Year(A) vs Third Year(C) တို့၏ ပွဲစဉ်များကို (၁၅-၇-၂၀၁၉)ရက်​နေ့တွင်​ ယှဉ်​ပြိုင်​ကစားခဲ့ကြပြီး ဗိုလ်​လုပွဲစဉ်​တွင်​ Third Year(B) အသင်းမှ Second Year(C) အသင်းကို ၅ဂိုး ၄ဂိုးဖြင့်အနိုင်​ရရှိကာ ကွန်​ပျူတာတက္ကသိုလ်​(ဗန်းမော်​) ဖူဆယ်​ဘောလုံးပြိုင်​ပွဲ၏ တံခွန်​စိုက်​ဆုကို…

ရေဘေးသင့်နေရာများသို့ အလှူ

ယခုနှစ်တွင်လည်း ယခင်နှစ်များလှူဒါန်းသကဲ့သို့ ဗန်းမော်မြို့တွင်းရှိ ရေဘေးသင့်နေရာများသို့ သွားရောက်လှူဒါန်းမည်ဖြစ်ပါ၍ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ လိုက်ပါလှူဒါန်းလိုသူများ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်) ပရဟိတအသင်းသို့ဆက်သွယ်ကြပါရန်

“Physical Fitness Dance” သင်တန်းဆင်းပွဲ

ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)နှင့် ဗန်းမော်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Physical Fitness Dance သင်တန်းကို (၅-၇-၂၀၁၉)ရက်နေ့မှ (၁၄-၇-၂၀၁၉)ရက်နေ့ အထိ ကျင်းပ ပြုလုပ်ခဲ့ပြီး (၁၅-၇-၂၀၁၉)ရက်နေ့တွင် “Physical Fitness Dance” သင်တန်းဆင်းပွဲအား ကွန်ပျူတာ တက္ကသိုလ်(ဗန်းမော်) ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ မအားလပ်တဲ့အလုပ်တွေနှင့် ရေဘေးကယ်ဆယ်ရေးအလုပ်တွေ အများအပြားကြားက ရသမျှ အချိန်လေးပေး၍ သင်တန်းဆင်းပွဲသို့ကြွရောက်လာသော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူး…

မြန်မာဘာသာစကားစွမ်းရည်ပြိုင်ပွဲ

ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်) မြန်မာဘာသာစကားစွမ်းရည်ပြိုင်ပွဲအား (၁၀-၇-၂၀၁၉) ရက်နေ့မှ (၁၁-၇-၂၀၁၉)ရက်နေ့အထိကျင်းပပြုလုပ်လျက်ရှိပြီး (၁၁-၇-၂၀၁၉)ရက်နေ့တွင် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ၏ မှတ်တမ်းပုံရိပ်များ

Myanmar Roboleague

Myanmar RoboLeague 2019 ပြိုင်ပွဲကြီး အောင်အောင်မြင်မြင်ပြီးဆုံးခဲ့ပါပြီ။ ဒီပြိုင်ပွဲကြီးမှာ အနိုင်ရရှိသွားခဲ့တဲ့အသင်းတွေကတော့ … Outstanding Mentor Award ကို ကချင်ကိုယ်စားပြုအသင်း Most Helpful Team Award ကို မန္တလေးကိုယ်စားပြုအသင်း Most Cooperative Team Award ကို ကရင်ကိုယ်စားပြုအသင်း Best Robot Design Award ကို…

Traffic-informed Recognition

ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)တွင် (၁၉-၂-၂၀၁၉)ရက်နေ့၊ နံနက်(၉း၀၀)နာရီမှ နေ့လည်(၁၁း၀၀)နာရီအထိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ဗန်းမော်ခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူးဦးဥာဏ်ဝင်းစိုးမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ သိကောင်းစရာများကို ရှင်းလင်းဟောပြောခြင်း၊ သင်တန်းပို့ချခြင်းနှင့် ယာဉ်မောင်းလိုင်စင်များပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါတယ်။ ~~~ ယခုလို ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)သို့ လာရောက်၍ ယာဉ်မောင်းလိုင်စင်များပြုလုပ်ပေးခြင်းနှင့် ယာဉ်စည်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများကို လာရောက်ဟောပြောပေးတဲ့အတွက် ဗန်းမော်ခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်…

Network Cabling and Design, CCTV Installation, Routing and Switching , Implementation Training

Network Cabling and Design, CCTV Installation, Routing and Switching , Implementation Training လက်တွေ့ သင်တန်းများဖွင့် လှစ်ခြင်း ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ပဉ္စမနှစ် ကျောင်းသား၊ ကျောင်းသူများ လက်တွေ့ကျွမ်းကျင်မှု စွမ်းရည်မြှင့်တင့်ရန်နှင့် လုပ်ငန်းခွင် အထောက် အကူပြုစေရန် ရည်ရွယ်၍လည်းကောင်း၊ Networking ဘာသာရပ်ကို စိတ်ဝင်စားသော ကျောင်းသား၊ ကျောင်းသူများအား…

Computer, English, Dhamma-CED

ကွန်ပျူတာ၊ အင်္ဂံလိပ်စာ၊ ယဉ်ကျေးလိမ္မာဓမ္မစာပေ(CED-2019) သင်တန်း ~~~လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်ကောင်းများ ရရှိရန်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပြုသည့်အနေဖြင့် သတင်းအချက်အလက်နည်းပညာဆည်းပူးလိုသူများကို ကွန်ပျူတာအခြေခံလူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးရန်၊ အင်္ဂလိပ်စာကို အခြေခံမှ စတင်တတ်ကျွမ်း၍ ကိုယ်နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့စေရန် ၊ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်အေးဆေး စူးစိုက်တတ်စေရန်နှင့် ဗုဒ္ဓမြတ်စွာဘုရား၏တရားဒေသနာတော်များကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် နားလည်တတ်မြောက်စေပြီး ဓမ္မအသိများ ရင်မှာ ကိန်းဝပ်လာစေရန်ရည်ရွယ်၍ နိုင်ငံတော်…

Microsoft Office Specialist World Championship (MOSWC)

Microsoft Office Specialist World Championship (MOSWC) ပြိုင်ပွဲ ဒုတိယအဆင့်အနေဖြင့် နိုင်ငံတော်အဆင့်ဆီမီးဖိုင်နယ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရသော ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကျောင်းသူကျောင်းသားများသည် Microsoft Office Specialist (Word, Excel, Power Point) 2013 Version အား ၄င်းတို့ရွေ;ချယ်ထားသော ဘာသာရပ်အလိုက် စာမေးပွဲကြေးအခမဲ့ဖြင့် (၂၉-၄-၂၀၁၉)ရက်နေ့မှစပြီး သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို…

Load more