အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀)ရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား Zoom Online Meeting ဖြင့် (၄.၁၂..၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမြဲတန်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်မှ NESP (2021-2030)ရေးဆွဲခြင်းလုပ်ငန်းအား မိတ်ဆက်ရှင်းလင်းခဲ့ပါတယ် နည်းပညာနှင့်အသက်မွေးပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးမှလည်း TVET အကြောင်းရှင်းလင်းတင်ပြခဲ့ပါတယ်။ အဆင့်မြင့်ပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းမှ NESP(2021-2030)၏ Chapter-7(Higher Education, Research and Innovation) ကို ရှင်းလင်းတင်ပြခဲ့ပြီး ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ပညာရေးမှူးများတက်ရောက်ကြခဲ့ပါတယ်။ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ လူမှုရေးဝန်ကြီးများနှင့်တိုင်းရင်းသားရေးရာ ဝန်ကြီးများမှတက်ရောက်ဆွေးနွေးခဲ့ကြပါတယ်