သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရာတွင် အခြေခံကျ၍ အထိရောက်ဆုံးဖြစ်သည့် ခြင်လောက်လန်းနှိမ်နင်းရေးအတွက် Abate ဆေးခပ် ခြင်းနှင့် ဖုန်းသွန်လဲစစ်လုပ်ငန်းများအား ဗန်းမော်မြို့နယ် ကျန်းမာရေးမှူးများ၊ ကျန်းမာရေးဆရာမများမှ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)ဆရာ၊ ဆရာမအိမ်ရာနှင့် ဝန်ထမ်းအိမ်ရာများတွင်(၁၅-၈-၂၀၂၀)ရက်နေ့၌ ဆောင်ရွက်ပေးခဲ့ပါတယ်…လက်ရှိ အသုံးပြုလျက်ရှိသော အုတ်ရေကန်(၂၃)ကန်အား Abate ဆေးများခပ်ပေးခြင်းနှင့် ခြင်အောင်းနိုင်သော ရေရှိနေသော ချိုင့်ခွက်များ ရေအိုင်ငယ်များ ရေစည်ပိုင်းများအား ဖုန်း သွန် လဲစစ် လုပ်ငန်းတို့ကို ဆောင်ရွက်ပေးခဲ့သည့်အတွက် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်…ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မိသားစု