COVID-19 ကပ်ရောဂါကာလအတွင်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူမှု အခွင့်အလမ်းများ မဆုံးရှုံးစေရန်ရည်ရွယ်လျက် ပါမောက္ခချုပ်များကော်မတီ၊ ပြန်ကြားရေး၊ အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာလုပ်ငန်းအဖွဲ့ ဉက္ကဌ ဆရာမကြီးဒေါက်တာမီမီသက်သွင် (ပါမောက္ခချုပ်) ရန်ကုန်ကွန်ပျူတာက္ကသိုလ် မှ ဉီးစီးလျက် Module (၁၀)ခုဖြင့်e- Learning Management System Training ပို့ချမှုအား ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ဆရာ၊ ဆရာမများ တက်ရောက်နေသည့် မှတ်တမ်းပုံရိပ်များ ဖြစ်ပါတယ်။ 26.7.2020 ရက်နေ့တွ၍် ကျင်းပပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးမှ Online ပေါ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မှတ်သားမိသမျှ အနှစ်ချုပ်၍ ဖော်ပြအပ်ပါတယ်။***မည်သည့်ခွဲခြားမှု မျှမရှိဘဲ အကျိုးရှိသည့် ဘာသာရပ်များကို တစ်သက်တာသင်ယူမှုအခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် စုပေါင်းအားဖြင့်ရုန်း၍ အားဖြည့်ဆောင်ရွက်ရမည့် အချိန်ဖြစ်ပါကြောင်း၊ ***တာဝန်ယူ တာဝန်ခံပြီး ပူးပေါင်းဆောင် ရွက်တတ်၍ ဆန်းသစ်တီထွင် ဖန်တီး နိုင်စွမ်းရှိသော လူသားကောင်းများ ဖြစ်လာစေရေး အတွက် အရည်အသွေးရှိသော ပညာရေးကို ဦးတည်ကာ ပြုပြင်ပြောင်းလဲ အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ***ကျောင်းသား ကျောင်းသူများ အလုပ်အကိုင်ကောင်း ရရှိရန်၊ သင်ယူသူများ၏ အနာဂတ် ဘဝသာယာလှပရန်လိုအပ်သော ယှဉ်ပြိုင်နိုင်မှုစွမ်းရည် များ မြှင့်တင်ပေး နိုင်ရေး အတွက် ဒေသအကျိုးပြု ဘွဲ့သင်တန်းများ၊ ဒေသအကျိုးပြုစွမ်းဆောင်ရည် မြင့်မားရေး ကာလတိုနှင့် ကာလရှည်သင်တန်းများ၊ ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော Professional ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ အရေးကြီး ပါကြောင်း၊ ***နည်းပညာဖွံ့ဖြိုးတိုးတက်မှုလျင်မြန်သော ယနေ့ခေတ်ကာလတွင် စာသင်ခန်းတွင်းသင် ယူခြင်း၊ Online သင်ယူခြင်း၊ Offline သင်ယူခြင်း၊ ပေါင်းစပ် သင်ယူခြင်းစသည့် သင်ကြားသင်ယူမှု နည်းလမ်းပေါင်းစုံဖြင့် သင်ယူတတ်မြောက်မှု ကောင်းမွန်ရေး ကြိုးပမ်း ဆောင်ရွက်လာသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊***လိုအပ်ချက်များကိုလည်း လုပ်ထုံး လုပ်နည်းနှင့်အညီ ဖြည့်ဆည်း ပေးနိုင်ရေး ကြိုးပမ်းစီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားခဲ့ပါတယ်။