ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်) တွင် ယာဉ်းစည်းကမ်းလမ်းစည်းကမ်း
အသိပညာပေးဟောပြောပွဲအခမ်းအနားကို (၂၀-၁၂-၂၀၁၉)ရက်နေ့တွင်
ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသော ကျောင်းသား၊
ကျောင်းသူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာ
မေးမြန်းမှုများပြုလုပ်ခဲ့ပြီး အဖြေမှန်သူ ကျောင်းသား၊ ကျောင်းသူ(၃)ဦးအား
ဆိုင်ကယ်စီးဦးထုပ်များချီးမြှင့်ခြင်းနှင့် ဆရာ၊ ဆရာမများကို
ဆိုင်ကယ်စီးဦးထုပ်များ ကံစမ်းမဲဖောက်ပေးခြင်း များပြုလုပ်ပေးခဲ့ပြီး ဆရာ၊
ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊
ကျောင်းသူများအားယာဉ်မောင်လိုင်စင်များပြုလုပ်ပေးခဲ့ပါတယ်။
~~~ ယခုလို ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)သို့ လာရောက်၍
ယာဉ်းစည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများကိုဟောပြောပေးခြင်း၊
ဆိုင်ကယ်စီးဦးထုပ်များမဲဖောက်ပေးခြင်းနှင့်
ယာဉ်မောင်းလိုင်စင်ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပေးပါသော
ဗန်းမော်မြို့၊ အမှတ်(၁၀၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး
ဒုရဲမှူးသက်နိုင်ဦးနှင့် ဗန်းမော်ခရိုင်
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးမှူးဦးဇော်မျိုးဝင်း၊
စစ်ဆေးရေးမှူးဦးဇော်မျိုးဦးနှင့်တာဝန်ရှိသူများအားလုံးကို
ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ
အထူးပင်ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်











