ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)တွင် (၂၈-၂-၂၀၂၀)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်၌ မှုခင်းကျဆင်းရေးနှင့် ယာဥ်စည်းကမ်းပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ပါတယ်။
ဟောပြောပွဲသို့ ဗန်းမော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်မှ မှုခင်းကျဆင်းရေးနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရန်အချက်များကိုရှင်းလင်းပြောကြားပေးခဲ့ပြီး၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်းနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်ရှောင်ရန်အချက်များကို အမှတ်(၁၀၀)ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးသက်နိုင်ဦးမှရှင်းလင်းဟောပြောခဲ့ပါတယ်။
ယခုလို ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)သို့ လာရောက်၍ မှုခင်းကျဆင်းရေးဆိုင်ရာ သိကောင်းစရာများနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာသိကောင်းစရာများကိုရှင်းလင်းဟောပြောပေးခဲ့ကြပါသော ဗန်းမော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်နှင့် အမှတ်(၁၀၀)ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးသက်နိုင်ဦးတို့အား ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါတယ်။