

***နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် (၂၄-၁-၂၀၂၀)ရက်နေ့မှ
(၂၆-၁-၂၀၂၀)ရက်နေ့အထိ ကျင်းပပြုလုပ်သော Myanmar STEM Competition,
2019-2020, Clean Water ပြိုင်ပွဲတွင် ကချင်ပြည်နယ်
ကိုယ်စားပြုအသင်းဖြစ်သော ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)မှ National
Champion Award ဆုနှင့် Performance Award ဆုများ ဆွတ်ခူးရရှိခဲ့သည့် အတွက်
ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်မှ
ဦးဆောင်ဦးရွက်ပြု၍ (27-2-2020)ရက်နေ့၌ ဗန်းမော်ခရိုင်ရဲတပ်ဖွဲမှူး
ဒုရဲမှူးကြီးတိုးလွင်၊ ခရိုင်ဥပေဒအရာရှိဒေါ်ခင်စန်းမြင့်၊
ခရိုင်အကျဥ်းဦးစီးဌာန၊ ခရိုင်ကျေးလက်လမ်းဦးစီးဌာန၊
မြို့နယ်စည်ပင်သာယာရေးဌာန၊ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးဌာန၊
ခရိုင်မီးသတ်ဌာန၊ ခရိုင်လူဝင်မှု ကြီးကြပ်ရေးဌာန၊ ခရိုင်လမ်းဦးစီးဌာန၊
ခရိုင်သတုတွင်း၊ ခရိုင်သစ်တောဦးစီး ဌာန၊ ခရိုင်လျပ်စစ်ဌာန၊ ခရိုင်
ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
ခရိုင် ပြည်တွင်းရေကြောင်း၊ခရိုင်လုပ်ငန်းလိုင်စင်ဌာန၊
၁၃၂ KV Aဓါတ်ခွဲစက်ရုံ၊ ခရိုင်အကောက်ခွန်အပါအဝင်
စုစုပေါင်း ဌာနဆိုင်ရာ (၂၁)ဌာနနှင့်ရွှေအိမ်စံပိုးထည်တိုက်မှ စုပေါင်းပါဝင်ကာ ပြိုင်ပွဲဝင် ကျောင်းသားများအား
ဂုဏ်ပြုဆုငွေ (၁၁၃၀၀၀၀)ကျပ် ချီးမြှင့်ခဲ့ပြီး ဂုဏ်ပြု လက်မှတ်များ ပေးအပ်ခဲ့ပါသည်။
***ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတွင်ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူးဦးထွေးမြင့်မှ
ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသားများ
ကိုယ်စားမောင်ပိုင်ဝေယံခန့်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးဦးထွေးမြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများမှ
ဂုဏ်ပြုဆုငွေ (၁၁၃၀၀၀၀) ကျပ်တစ်ဆယ့်တစ်သိန်းသုံးသောင်းနှင့် ဂုဏ်ပြု
လက်မှတ် များအား ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦးနှင့်
ပြိုင်ပွဲဝင်ကျောင်းသားများအားပေးအပ်ချီးမြင်ွခဲ့ပါတယ်။
နိုင်ငံအဆင့် Champion ဆုမှတဆင့် ကနေဒါ နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲအထိ
ဝင်ရောက်ယှဥ်ပြိုင်၍ နိုင်ငံဂုဏ်ဆောင်ဆုများ ရရှိအောင် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ အစွမ်းကုန် ကြိုးစား ဆောင်ရွက်သွားပါ့မယ်။
***ကွန်ပျူတာ တက္ကသိုလ်(ဗန်းမော်)မှ ကျောင်းသူ၊ ကျောင်းသားများ၏
ကြိုးစားဆောင်ရွက်မှုကြောင့် Champion ဆုနှင့် Performance Award ဆုများ
ရရှိခဲ့မှုအပေါ် အသိအမှတ် ပြုကာ ဂုဏ်ပြုဆုငွေများ နှင့် ဂုဏ်ပြု
လက်မှတ်များချီးမြှင့်ပေးပါသော ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး
ဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်နှင့် ဌာနဆိုင်ရာ
အကြီးအကဲများနှင့်တကွ ရွှေအိမ်စံပိုးထည်တိုက်တို့အားကျေးဇူး
အထူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါတယ်။
ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်) မိသားစု