***ဗန်း​မော်မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနမှ ကား ၂ စီးဖြင့်​ဆေးဖြန်းကူညီ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူး ဦးဂျွန်ဆယ် ကြွရောက်ဦး​ဆောင်ကာ၊ လက်ထောက် အင်ဂျင်နီယာ ဦးနိုင်ထွန်းလှိုင်နှင့် ဒုမီးသတ်ဦးစီးမှူး ဦးစည်သူအောင်တို့မှလည်း အနီးကပ်ကြီးကြပ်၍ ကွန်ပျူတာတက္ကသိုလ် (ဗန်း​မော်)၏​ကျောင်းအဝင် လမ်းများ၊ ပင်မ ၃ ထပ်စာသင်​ဆောင်၊ စာသင်ခန်းများ၊ ဆရာ၊ ဆရာမ ဝန်ထမ်းအိမ်ရာများ၊ ​ကျောင်းသူအိပ်​ဆောင်များအား ဆေးဖြန်း​ပေးခဲ့ပြီး အမှတ် ၁၁ စစ်​မြေပြင်​ဆေးတပ်ရင်းတို့မှ ​ဆေးများကူညီ​ထောက်ပံ့ခြင်းအတွက် ​ကွန်ပျူတာတက္ကသိုလ်(ဗန်း​မော်) မှ မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန နှင့် အမှတ် ၁၁ စစ်​မြေပြင်​ဆေးတပ်ရင်းတို့အား ကျေးဇူး အထူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါတယ်။
ကွန်ပျူတာတက္ကသိုလ် (ဗန်း​မော်)မိသားစု။