
ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်) တွင် (၇-၃-၂၀၂၀)ရက်နေ့ နံနက်(၉းဝ၀)ခန့်တွင် ကျောင်းသားအိပ်ဆောင်(၁၀၀)ဦးဆံ့ (၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်) တည်ဆောက်မည့် မြေနေရာအား ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊NLDပါတီအမှုဆောင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်၊ အမှတ်(၁၀၀)ယာဉ်ထိန်းရဲတပ်ဖွဲ ့စုမှူး ဒုရဲမှူးသက်နိုင်ဦး ဌာနဆိုင်ရာများမှ ကြွရောက်၍ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ဆရာ၊ ဆရာမများနှင့်အတူ “ပန္နက်ရိုက်မင်္ဂလာ” ပြုလုပ်ပေးခဲ့ပါသည်။
ယခုကဲ့သို့ ကွန်ပျူတာတ္ကသိုလ်(ဗန်းမော်)သို့ ကြွရောက်၍ ကျောင်းသားအိပ်ဆောင် တည်ဆောက်မည့်မြေနေရာအား “ပန္နက်ရိုက်မင်္ဂလာ” ပြုလုပ်ပေးပါသော ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊NLDပါတီအမှုဆောင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများအား ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါတယ်။