***ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကျောင်းသူ ကျောင်းသား(၇)ဦး တီထွင်ပြုလုပ်ထားသော အပူချိန်တိုင်း စောင့်ကြည့်စနစ်အား ဗန်းမော်လေဆိပ်တွင်အသုံးပြုရန်အတွက် တပ်ဆင်လှူဒါန်းခဲ့ပါတယ်။ ဗန်းမော်လေဆိပ်တာဝန်ခံဦးကျော်ဆန်းလင်းနှင့်တာဝန်ရှိသူများမှ လက်ခံယူပေးခဲ့ပြီး၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးထွေးမြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပါတယ်။***ပစ္စည်းများဝယ်ယူရတာ အခက်အခဲဖြစ်သည့်ကာလဖြစ်သော်လည်း ရှိတာလေးနှင့် အဆင်ပြေဆုံးဖြစ်အောင်၊ ဝယ်လို့ရသမျှ ပစ္စည်းလေးတွေနှင့် နေ့ရော ညပါ အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့ကြသည့်အတွက် အဝေးတိုင်းအပူချိန်ဖတ်စနစ်နှင့် အနီးတိုင်းအပူချိန်ဖတ်စနစ် နှစ်မျိုးကို Thermal Camera, Raspberry Pi, ESP Board တို့ ဖြင့် အောင်မြင်စွာ စမ်းသပ်တီထွင်နိုင်ခဲ့ပြီး အဝေးတိုင်း အပူချိန်ဖတ်စောင့်ကြည့်စနစ်အား ဗန်းမော်လေဆိပ်တွင် အသုံးပြုရန် လှူဒါန်းခဲ့ပြီး ၊ အနီးတိုင်း အပူချိန်ဖတ်စောင့်ကြည့်စနစ်အား ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)တွင် အသုံးပြုတပ်ဆင်သွားမည်ဖြစ်ပါတယ်။***အချိန်ကာလ ၁ လကြာ နေ့ ည မအိပ် ဇွဲလုံ့လ စိုက်ထုတ်၍ ကြိုးစား တီထွင်ခဲ့ကြသူ ကျောင်းသားများဖြစ်ကြသော မောင်နိုင်ဝင်းအောင်၊ မောင်ပိုင်ဝေယံခန့်၊ မောင်ထက်ရန်ုကျော်၊ မောင်ကျော်ရဲအောင်၊ မောင်ဇွဲဇော်ထက်၊ မောင်ဂွမ်ဂူလတ်၊ မောင်နိုင်လင်းသန့်တို့ အားကျေးဇူးတင်ဂုဏ်ပြုအပ်ပါကြောင်းနှင့် ကပ်ရောဂါဘေး အတွင်း ကြွရောက်၍ အသိအမှတ်ပြုပေးကြပါသော ခရိုင်အုပ်ချုပ်ရေးမှူးဦးထွေးမြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများအား ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မိသားစု