***** ” Introduction to Social Research ” ခေါင်းစဉ်ဖြင့် Institute for Strategy and Policy-Myanmar မှ စွမ်းဆောင်ရည်မြှင့်တင်ရေး ဒါရိုက်တာတစ်ဦး ဖြစ်သူ ဆရာမ ဒေါက်တာ စုမွန်သဇင်အောင် ၏ Online Workshop တွင် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ဆရာ/ဆရာမများ ၊ ကျောင်းသား/ ကျောင်းသူများ နှင့် အခြားကွန်ပျူတာတက္ကသိုလ်မှ ဆရာ/ဆရာမများ ၊ ကျောင်းသား/ ကျောင်းသူများ ပါ တက်ရောက်ခဲ့ကြပါတယ် ။လူမှုသိပ္ပံနယ်ပယ်တွင် ပြုလုပ်လေ့ရှိသော သုတေသနများတွင် မိမိပတ်ဝန်းကျင်မှ ပြောင်းလဲနေသော အရာများကို စုးစမ်းလေ့လာခြင်းကဲ့သို့ နိစ္စဓူဝကိစ္စများမှ စတင်ပြီး အရေးကြီးသည့် မူဝါဒအပြောင်းအလဲများကို သုံးသပ် လေ့လာနိုင်ရန်နှင့် လူမှုသုတေသနနယ်ပယ်တွင် သုတေသနစာတမ်းပြုစုရာ၌ သိသင့်သိထိုက်သည့် အခြေခံသဘောတရားများကို ဆရာမ ဒေါက်တာ စုမွန်သဇင်အောင် က ဆွေးနွေး မျှဝေခဲ့ပါတယ်။စိတ်စေတနာ အပြည့်ဖြင့် Online Class တွင် ဆွေး​နွေးဟော​ပြောပေးပါသော ဆရာမ ဒေါက်တာ စုမွန်သဇင်အောင် နှင့် သင်တန်းကာလများတွင် လိုအပ်ချက်မှန်သမျှ အဝေးမှနေ၍ လူအင်အား စိတ်အင်အားတို့ဖြင့် ကူညီပံ့ပိုးလျက်ရှိသော Titan Source မိသားစုအဖွဲ့သားများအား ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါတယ်…social research နှင့် သက်ဆိုင်သော Online Workshop များ ထပ်မံ ပြုလုပ်​ ပေးဖို့ ဖိတ်ခေါ်အပ်ပါတယ် *******