ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)တွင် ကျန်းမာရေးအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို (၃-၃-၂၀၂၀)ရက်နေ့ နံနက် (၉းဝ၀)နာရီအချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်) ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါဟောပြောပွဲတွင် ဗန်းမော်မြို့၊ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမင်းဇော်အေးမှ COVID-19 ရောဂါအကြောင်းကိုလည်းကောင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှ ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ရောဂါနှိမ်နှင်းရေး) ဒေါက်တာနီလာမောင်မှ HIV/AIDS ရောဂါအကြောင်းကိုလည်းကောင်း၊ အထူးကုဆရာဝန်(စိတ်ကျန်းမာ) ဒေါက်တာဇင်လဲ့ထွန်းမှ မူးယစ်အန္တရာယ်နှင့် ဂိမ်းစွဲလန်းမှု အကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဟောပြောပေးခဲ့ကြပြီး ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်) ကျောင်းသူများမှ “ မြကျွန်းညိုညို” သီချင်း၊ “ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” သီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ Physical Fitness Dance ဖြင့် ကပြဖျော်ဖြေပေးခဲ့ကြပါတယ်။
အခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံးစုစုပေါင်း (၆၅၀)ဦးခန့်တက်ရောက်ခဲ့ကြပါတယ်။
Corona Virus ကူးစက်မခံရအောင် လိုက်နာဆောင်ရွက်ရမည့် အဓိကအချက်(၃)ချက်မှာ
(၁) လက်ဆေးခြင်း
(၂) Mask တပ်ခြင်း
(၃) ချောင်းဆိုးသည့်အခါ တံတောင်ဆစ်ဖြင့် ကွယ်ဆိုးခြင်းတို ့ဖြစ်ပါတယ်…
ရောဂါကူးစက်ထားသူနှင့် အနည်းဆုံး ၆ ပေ အကွာမှာ နေခြင်း၊ လူစုလူဝေးထဲ မသွားခြင်းတို့ဖြစ်ပါတယ်…