ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ထုတ်ဝေသော သုတေသနဂျာနယ်ထွက်ရှိပါပြီ။
သုတေသနစာတမ်းတင်သွင်းခွင့်ရရှိ၍ ပုံနှိပ်ဖော်ပြခြင်းခံရသူ သုတေသနပညာရှင်များ၊ ဆရာ၊ ဆရာမများထံ စာတိုက်မှ ပို့ဆောင်ပေးရန်စီစဥ်လျက်ရှိပါတယ်။
ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)၏ webpage တွင်လည်း တင်ပေးမည်ဖြစ်ပါတယ်။
COVID ကာလအတွင်း သွားရေး လာရေး အခက်အခဲ အမျိုးမျိုးကြားမှ ဦးဆောင်ကြီးကြပ်ပေးကြသူ၊ လမ်းညွှန်ပြသပေးကြသူ ဆရာကြီး၊ ဆရာမကြီးများ၊သုတေသန စာတမ်းတင်သွင်းကြသူများ၊ ဘာသာရပ်နယ်ပယ် အသီးသီးမှ Paper Review လုပ်ပေးကြသူ Reviewer များ၊ ပညာရှင်များ၊ တည်းဖြတ်ပေးကြသူ ဆရာ၊ ဆရာမများ၊ ပုံနှိပ်ပြီးသည့်အဆင့်အထိရောက်အောင်၊ ရန်ကုန်ပုံနှိပ်တိုက်မှ ဗန်းမော်အထိ ရောက်အောင် ဆက်သွယ်ကြိုးပမ်းဆောင်ရွက်ပေးကြသူများ၊နေ့ည မအိပ် ပါဝင် ဆောင်ရွက်ပေးကြသူ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကျေးဇူးအထူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါတယ်။
ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မိသားစု