Interactive ဖြင့်လည်းကောင်း၊ Off Line ဖြင့်လည်းကောင်း၊ Online ဖြင့်လည်းကောင်း မည်သည့်နည်းဖြင့် မဆို သင်ကြားနိုင်မည့် အခွင့်အလမ်းရရှိနိုင်မည့် တစ်နေ့နေ့အတွက် ရည်ရွယ်ပြီး Online Studio ကို ဆက်လက်မွမ်းမံ ချယ်သ ပြင်ဆင်လျက်ရှိသလို…ဆရာ ဆရာမ များမှလည်း အခြေအနေပေးတဲ့တစ်နေ့နေ့အတွက် အဆင်သင့်ဖြစ်အောင် Lecture များကို ပြုစု ဆောင်ရွက်လျက်ရှိပါတယ်…အဝေးက တပည့်များလည်း ကျန်းမာရေးအထူးဂရုစိုက်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ လိုက်နာ နေထိုင်ကြပါ…လိမ္မာယဉ်ကျေး တပည့်အလိမ္မာ လေးများနှင့် ဟောဒီကမ္ဘာမြေပေါ်မှာ ပြန်လည်ဆုံဆည်းခွင့်ရကြဖို့….လက်ကို ခဏ ခဏဆေးပါ….Mask ကို မပြတ်တပ်ထားပါ…လူစု လူဝေး ရှောင်ကြပါ…ဂျင်းပြုတ်ရည်သောက်ပါ…သံပုရာဖျော်ရည်သောက်ပေးပါ။ ဘာသာတရားမမေ့ကြပါနှင့်….စိတ်တည်ငြိမ်အောင် တရားထိုင်ကြပါ….ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မိသားစု