
*** ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)၏၂၀၁၉-၂၀၂၀ ပညာသင်နှစ် ၏ပထမနှစ်ဝက် Pre-test စစ်ဆေးခြင်းကို (၂၅-၂-၂၀၂၀)ရက်နေ့မှ (၂၆-၂-၂၀၂၀)ရက်နေ့ထိ နံနက်(၈ : ၃၀)နာရီမှစတင် ကျင်းပပြုလုပ်မှာဖြစ်ပါတယ်
** ၂၀၁၉-၂၀၂၀ ပထမနှစ်ဝက်ပညာသင်နှစ်တွင် ကျောင်းသူ ကျောင်းသားများ၏ သင်ကြားမှု
သင်ယူမှု အခြေအနေကိုသိရှိနိုင်ရန်နှင့် Final Examination အတွက် ကြိုတင််ပြင်ဆင်မှုအဖြစ်
ရည်ရွယ်သည့်အပြင် သင်ကြားသင်ယူပြီးသော သင်ခန်းစာများအား စဉ်ဆက်မပြတ် လေ့လာဆည်းပူူးနိုင် စေရန်အတွက် လစဉ် သင်ကြားပြီးသမျှ သင််ခန်းစာများအား Chapter End အလိုက်လပတ်စာမေးပွဲစစ်ဆေးခြင်းများကျင်းပပြုလုပ်လျှက်ရှိပါတယ်။
*ယခုကဲ့သို့ Pre-test စစ်ဆေးကျင်းပပြုလုပ်ပေးခြင်းဖြင့် ကျောင်းသားအများစု မှားလေ့ရှိတဲ့အချက်များကို စုစည်းကာ ပြန်လည်ကူညီရှင်းပြပေးနိုင်မှာဖြစ်သည့်အပြင် ၎င်းတို့၏ အားနည်းသော ဘာသာရပ်များကို feed back အဖြစ်ရရှိ သိရှိနိုင်မည်ဖြစ်ပါသောကြောင့် အဆိုပါဘာသာရပ်များ အတွက် နားလည်သဘောပေါက်မှုစွမ်းရည်တို့ကို ချိန်ဆ တိုးမြှင့်ပေးနိုင်ခြင်း အစရှိသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါတယ်။
*စာမေးပွဲကြီးဖြေရသကဲ့သို့ကျောင်းသူကျောင်းသားများမှ စည်းကမ်းရှိရှိဖြင့်အစွမ်းကုန်ကြိုးစားဖြေဆိုကြပါရန် တိုက်တွန်းနိုးဆော်အပ်ပါတယ်၊၊
ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)