~~~COVID-19 ကာလမှာ ကျန်းကျန်းမာမာ ဘေးကင်းစွာဖြင့် မည်သည့်နေရာ မည်သည့်အချိန်မှာမဆို စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်မယ့် အသိပညာဗဟုသုတတွေကို မိမိအိမ်မှာနေရင်း ဖုန်းတစ်လုံးရှိရုံဖြင့် လေ့လာသင်ယူနိုင်မည့် နည်းစနစ်ဖြစ်သော Titan Source ၏ School Management Information System / Online Learning Platform ကိုအသုံးပြုကာ Online Class အား ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)တွင် (၂၅-၅-၂၀၂၀) ရက်နေ့မှ စတင် ဖွင့်လှစ်လျက်ရှိပါတယ်…~~~အဆိုပါ Online Learning Platform ကိုအသုံးပြုပြီး အမေရိကန်ပြည်ထောင်စု၊ Northampton Community College မှ ဆရာဦးစိုးမိုးအောင် မှ ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာ ဆရာမများကို Cellular Wireless and Personal Communication Networks အကြောင်း ခြုံငုံသုံးသပ်နားလည်သဘောပေါက်စေရန်နှင့် Radio Architecture နှင့် GSM ၊ CDMA အစရှိသည့် Mobile wireless အခြေခံသဘောတရားနှင့် စံချိန် စံညွှန်းများအား ရှင်းလင်းသိမြင်စေရန်၊ ထို့အပြင် US ဆက်သွယ်ရေးပေါ်လစီ၏ အခြေခံရည်ရွယ်ချက်များ၊ Universal Services များ၊ အတွေးအမြင် အယူအဆနှင့် ဆင့်ကဲပြောင်းလဲမှုများကို ပြန်လည်သုံးသပ်မျှဝေပေးရန် ရည်ရွယ်၍ Seminar on Evolutions of Wireless Telecommunications ခေါင်းစဉ်ဖြင့် (8-7-2020) ရက်နေ့တွင် လည်းကောင်း၊ Seminar on the History of Telecommunication Evolution in the United States ခေါင်းစဉ်ဖြင့် (15-7-2020) ရက်နေ့တွင် လည်းကောင်း နံနက် ၈ နာရီခွဲမှ ၁၀ နာရီခွဲအထိ Online Seminar ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် တက်ရောက်လိုသူ ဆရာ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ ပူးတွဲဖော်ပြပါ Link တွင် ၆-၇-၂၀၂၀)ရက်နေ့ထက် နောက်မကျပဲ Registration ပြုလုပ်ပေးပါရန် ဖိတ်ခေါ်အကြောင်းကြားအပ်ပါတယ်..အဆိုပါ Telecommunications ဆိုင်ရာ Online Seminar များအား ကျင်းပပြုလုပ်ခြင်း အားဖြင့် မိုဘိုင်းကြိုးမဲ့ဆက်သွယ်ရေးကွန်ရက်တွင် ကြိုးမဲ့ အချက်အလက်များ၏ အရေးပါမှု နိယာမနှင့် (CDMA 2000 နှင့် UMTS) အစရှိသည့် 3G air-interface standards များအကြောင်းကို သိမြင်သဘောပေါက်စေခြင်းနှင့် Spectrum များအား မည်သို့ သတ်မှတ်၍ မည်သို့ခွဲဝေ Assign ချမည် အစရှိသည့် Spectrum ဆိုင်ရာမူဝါဒ အချက်များနှင့် ဆင့်ကဲဖြစ်စဉ်တို့ကို သိနားလည်စေခြင်း၊ အမေရိကန် ဆက်သွယ်ရေး မူဝါဒလုပ်ငန်းစဉ်များအကြောင်း ဗဟုသုတ ရရှိစေခြင်းနှင့် Telecommunication အခြေခံ သဘောတရားများ၏ Concept များကို နားလည်သဘောပေါက်စေခြင်း အစရှိသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ပါတယ်…စိတ်စေတနာအပြည့်ဖြင့် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)၏ Online Class တွင် Visiting Instructor အဖြစ် CS Principle နှင့် Embedded System ဘာသာရပ်များအား သင်ကြား ပို့ချပေးလျက်ရှိသော ဆရာဦးစိုးမိုးအောင်အား ကျေးဇူးအထူးတင်ရှိပါကြောင်း ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်…
