~~~ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ပဉ္စမနှစ် ကျောင်းသူ ကျောင်းသားများနှင့် ဒုတိယပါမောက္ခချုပ်ဒေါက်တာမေဖြိုးဦးတို့သည် Internship ဆိုင်ရာ၊ Project ဆိုင်ရာ၊ သုတေသနဆိုင်ရာ၊ သင်တန်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် Online Meeting အား ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်…~~~ ၆-၇-၂၀၂၀ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် Social Research ဆိုင်ရာ Seminar နှင့် ၈-၇-၂၀၂၀ ရက်နေ့နှင့် ၁၅-၇-၂၀၂၀ ရက်နေ့တို့တွင်ကျင်းပပြုလုပ်မည့် Telecommunication ဆိုင်ရာ Seminar များသို့ တက်ရောက်ရန် စိတ်ပါဝင်စားမှု ရှိကြ သည့်အကြောင်းနှင့် စာပေစကားဝိုင်းများသို့ ပါဝင်တက်ရောက်ရန် စိတ်အားထက်သန်ကြောင်း သိရှိရသည့်အတွက် ပညာကို စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးလိုသော ကျောင်းသူ ကျောင်းသားများအတွက် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ဝမ်းမြောက်ဂုဏ်ယူလျက်ရှိပါတယ်…