~~ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ တတိယနှစ်ကျောင်းသူ၊ ကျောင်းသားများနှင့်Online Meeting အား (၂၄.၆.၂၀၂၀) ရက်နေ့တွင် ပြုလုပ်ခဲ့ပါတယ်…~~~ကျောင်းပြန်မဖွင့်ခင် …မိမိအိမ်မှာနေရင်း Second Semester အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သင်ခန်းစာများအား ကြိုတင် လေ့လာနိုင်ရန် Online Class ဖွင့်လှစ်သင်ကြားမည့်​အကြောင်း အသိပေးဆွေးနွေးခြင်းအပေါ် တက်ရောက်လာသူ ကျောင်းသူ ကျောင်းသားများမှ သင်ယူလေ့လာလိုပါသဖြင့် သဘောတူပါကြောင်း သိရှိရသည့်အတွက် ပညာလိုလားသူ ကျောင်းသူ၊ ကျောင်းသားများ၏ ကြိုးစားအားထုတ်မှုအပေါ် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ဂုဏ်ယူအသိအမှတ်ပြုအပ်ပါတယ်….~~~ဇူလိုင်ပထမအပါတ်မှစတင်ကာ Online Class များဖွင့်လှစ်သွားမည်ဖြစ်ပါတယ်..ထို့အပြင် အများဆန္ဒအရ စာပေဝါသနာပါသူများ စုစည်းကာ စာဖတ်စကားဝိုင်းများတွင်လည်း တတိယနှစ်ကျောင်းသူ ကျောင်းသားများမှ ပါဝင်မည့်အကြောင်းသိရှိရပါတယ်…မှတ်ချက်…Online မှ ဘွဲ့ပေးရန်စီစဉ်နေခြင်းမဟုတ်ပါ၊ Online မှ ကျောင်းဖွင့်ရန်လည်း စီစဉ်နေခြင်းမဟုတ်ပါ…စဉ်ဆက်မပြတ် ပညာဆည်းပူး လေ့လာသင်ယူစေလိုသည့် စိတ်စေတနာအပြည့်ဖြင့်သာ ပညာရေးအဖွဲ့ဖြင့် ဆုံးဖြတ်ကာ Online Class များအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါတယ်.