~~~ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ဒုတိယပါမောက္ခချုပ်ဒေါက်တာ​မေဖြိုးဦးနှင့် ပထမနှစ်ကျောင်းသူ၊ ကျောင်းသားများအားလုံး Zoom Application ကို အသုံးပြုပြီး (၂၃.၆.၂၀၂၀)ရက်နေ့တွင် Online Meeting ပြုလုပ်ခဲ့ပါတယ်…~~~ကျောင်းပြန်မဖွင့်ခင် …မိမိအိမ်မှာနေရင်း Second Semester အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သင်ခန်းစာများအား ကြိုတင် လေ့လာနိုင်ရန် Online Class ဖွင့်လှစ်သင်ကြားမည့်​အကြောင်း အသိပေးဆွေးနွေးခြင်းအပေါ် တက်ရောက်လာသူ ကျောင်းသူ ကျောင်းသားများမှ သဘောတူပါကြောင်း၊ သင်ယူလေ့လာလိုပါကြောင်း သိရှိရပါသဖြင့် ဇူလိုင်ပထမအပါတ်မှစတင်ကာ Online Class များဖွင့်လှစ်သွားမည်ဖြစ်ပါတယ်…~~~ထို့အပြင် အများဆန္ဒအရ စာပေဝါသနာပါသူများ စုစည်းကာ စာဖတ်စကားဝိုင်းများအား တစ်ပတ်တစ်ကြိမ်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါတယ်…မှတ်ချက်…Online မှ ဘွဲ့ပေးရန်စီစဉ်နေခြင်းမဟုတ်ပါ၊ Online မှ ကျောင်းဖွင့်ရန်လည်း စီစဉ်နေခြင်းမဟုတ်ပါ…စဉ်ဆက်မပြတ် ပညာဆည်းပူး လေ့လာသင်ယူစေလိုသည့် စိတ်စေတနာအပြည့်ဖြင့်သာ ပညာရေးအဖွဲ့ဖြင့် ဆုံးဖြတ်ကာ Online Class များအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါတယ်…