ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကျောင်းသူ ကျောင်းသား(၇)ဦး တီထွင်ပြုလုပ်ထားသော Automatic Robotic Trolley အလိုအလျောက်ပို့ဆောင်စက်အား ယနေ့ကဆုန်လပြည့်နေ့တွင် ဗန်းမော်ပြည်သူ့ဆေးရုံကြီးတွင်အသုံးပြုရန်အတွက် လှူဒါန်းခဲ့ပါတယ်။ ဗန်းမော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမင်းဇော်အေးမှ ကြွရောက် လက်ခံယူပေးခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမှုဆောင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမြင့်လှိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပရဟိတ အဖွဲ့များ တက်ရောက်ခဲ့ကြပါတယ်။ပစ္စည်းများဝယ်ယူရတာ အခက်အခဲဖြစ်သည့်ကာလဖြစ်သော်လည်း ရှိတာလေးနှင့် အဆင်ပြေဆုံးဖြစ်အောင်၊ ဝယ်လို့ရသမျှ ပစ္စည်းလေးတွေနှင့် နေ့ရော ညပါ အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့ကြသော ကျောင်းသားများ(မောင်နိုင်ဝင်းအောင်၊ မောင်ပိုင်ဝေယံခန့်၊ မောင်ထက်ရန်ုကျော်၊ မောင်ကျော်ရဲအောင်၊ မောင်ဇွဲဇော်ထက်၊ မောင်ဂွမ်ဂူလတ်၊ မောင်နိုင်လင်းသန့်တို့ အားကျေးဇူးတင်ဂုဏ်ပြုအပ်ပါကြောင်းနှင့်ကပ်ရောဂါဘေး အတွင်း ကြွရောက်၍ အသိအမှတ်ပြုပေးကြပါသော ဗန်းမော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမင်းဇော်အေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမြင့်လှိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စနေပရဟိတ အဖွဲ့အား ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မိသားစု