***မည်သည့်နေရာကမဆို လေ့လာသင်ယူနိုင်မယ့် Online Learning Program ကို ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ စတင်ဆောင်ရွက်တော့မှာဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများ မိမိအိမ်မှာနေရင်း အချိန်ကို အကျိုးရှိစွာ အသုံးချ သင်ယူတတ်မြောက်နိုင်ဖို့ရည်ရွယ်ပါတယ်။ အောက်ဖော်ပြပါ ဖွင့်လှစ်ပို့ချမည့်သင်တန်းများအတွက် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ တက်ရောက်လိုသူ ကျောင်းသား ကျောင်းသူများအနေဖြင့် အမည်၊ အတန်း၊ မှတ်ပုံတင်၊ မိဘအမည်များဖြည့်စွက်၍ ယခု link ကနေ form ဖြည့်ပြီး registration လုပ်လို့ရပါပြီ။ တိုက်ရိုက် လျှောက်ထားနိုင်ပါပြီ။ လျှောက်ထားပြီးသူများလည်း ယခု link သို့ ပြန်ဝင်၍ Register ထပ်မံပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။https://forms.gle/EDzaDzEQmzJQSoa78
***ဖွင့်လှစ်မည့် သင်တန်းများမှာ
(1)Embedded System
(2) Programming သင်တန်း
(3)Networking သင်တန်း
***မကြာမီ ရက်ပိုင်းအတွင်း ဖွင့်လှစ်ပို့ချမည့် Online Learning Program အတွက် School Management Information System_SMIS နှင့် Online Learning/ Virtual ClassRoom Platform တို့ကို Titan Source က ပံ့ပိုးလှူဒါန်းပေးမှာဖြစ်ပါတယ်
*** Titan SMIS မှာ ကျောင်းသားတစ်ယောက်ကိုကျောင်းအပ်လက်ခံ တာက အစ၊ ကျောင်းသားကဒ် ထုတ်ပေးတဲ့အထိ ပါဝင်ပါတယ်။
Library System လည်းပါဝင်ပါတယ်။
ဒီ့အပြင် ကျောင်းအုပ်ချုပ်သူ၊ မိဘ၊ ဆရာ၊ ကျောင်းသား 4party သုံးလို့ ရပါ တယ်..
မိဘ ရဲ့ side မှာဆိုရင် မိမိသားသမီး၏ attandance ၊ Timetable ၊ exam result ကအစကြည့်နိုင်ပြီး ကျောင်းရဲ့ announcement ကိုလည်း ကြည့် လို့ရနိုင်သည့် မိဘနဲ့သက်ဆိုင်မယ့် function လေး တွေပါပါတယ်။
School admin မှာလဲ admin side မှာပါသင့်တဲ့ function တွေ အကုန်ပါပါ တယ်..
Teaching side မှာလည်း Lesson plan တင်တာကအစ၊ ခွင့်တင်တာအထိ အကုန်ပါပါ တယ်။Student side မှာလည်း ကျောင်းသားနဲ့ဆိူင်တဲ့ menuလေး တွေ ပါဝင်ပါတယ်။
Titan SMIS ရဲ့ Online LearningVirtual ClassRoom Platform က ကျောင်းသား ဘက်အခြမ်းနဲ့ ဆရာဘက်အခြမ်းမှာသုံးဖို့ထပ်ထည့်ထား တာတွေပါဝင်နေတာမို့ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)အတွက် လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုကောင်း တစ်ခုဖြစ်ပါတယ်။
***Online Learning (Inteactive Learning)အတွက်ဆိုလျင် သင်ကြားမယ့် ဆရာအတွက်Webex account ကို Titan domain /ကိုယ်ပိုင် domain နဲ့ ဖွင့်ပေးပြီး live သင်နိုင်အောင် နည်းပညာကိုပါ Support လုပ် ပေးပါတယ်။
***ဆရာ/ဆရာမကLive သင်ပြီးသွားရင်
Titan SMIS ရဲ့Virtual Classroom ထဲမှာဆရာက physical Classroomတစ်ခု မှာသင်နေရသလိုကျောငိးသားတွေနဲ့ ထိတွေ့နိုင်မှာပါ
***ဥပမာအားဖြင့် embedded system သင်တော့မယ်ဆိုရင် ကျောင်းသား၁၀၀ ရှိရင် အဲ့ဒီအခနိးထဲ မှာဆရာက ၁၀၀ နဲ့ထိတွေ့ရမှာပါ။
ဆရာ နဲ့ သင်ယူမယ့် ကျောင်းသား ကျောင်းသူတွေက အဲ့ ဒီ Virtual Classroom ကတစ်ဆင့်ပဲ Live သင်ထားတဲ့ video clip တွေကို ဆရာကupload ပေးတာတွေ၊ Assignmemt တွေပေးတာတွေ၊အကဲဖြတ်ပေးတာတွေ အားလုံး လုပ်လို့ရပါတယ်။
***ပြီးသွားလျင် ကျောင်းသားတွေဆီ Click တစ်ချက်နှိပ်တာနဲ့ သင်တန်းသားတွေထံ lecture တွေ Assignmemt တွေ ရောက်သွားမှာဖြစ်ပါတယ်။
***April လ တစ်လလုံး MOODLE Server တင်လိုက်၊ Google Classroom ဝင်လိုက်၊ Microsoft Team ဝင်ကြည့်လ်ုက်၊ Zoom စမ်းလိုက်၊ ဆရာမတွေနဲ့ အစီအစဥ်ရေးဆွဲ လိုက် ဆွေးနွေးလိုက်၊ ကလေးတွေအတွက် email account ဖွင့်ပေးလိုက်နှင့် ဘယ်ကစရမှန်းမသိဖြစ်နေချိန်မှာ Titan Source ရဲ့ ကူညီထောက်ပံ့မှုရယ်၊ Taxila Institute မှ online သင်တန်းပထမအပါတ်စဥ် ဆင်းလာကြတဲ့ ဆရာမတွေရဲ့ ပါဝင်ကူညီပေးမှုတွေရယ်ကြောင့် လာမည့် တစ်ပါတ်အတွင်း Online Learning Program ကို စတင်နိုင်တော့မှာဖြစ်ပါတယ်။
***Titan Source Company အား ကျေးဇူးအထူးတင်ရှိပါတယ်။တက်ရောက်လိုသူ ကျောင်းသူ ကျောင်းသားများ ၁၂-၅-၂၀၂၀ ရက်ထက် နောက်မကျပဲ စာရင်းပေးသွင်းပါရန် အသိပေးအကြောင်းကြားပါတယ်။ တက်ရောက်လိုသူများ ယခု Link မှာ ဝင်ပြီး form ဖြည့်၍ Registration လုပ်လို့ရပါပြီ။ တိုက်ရိုက်လျှောက်ထားလို့ရပါပြီ။
*** ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်) Online Class သို့ Register ပြုလုပ်၍ လျှောက်ထားသော ကျောင်းသူ၊ ကျောင်းသားများ ယခု up to date လုပ်ထားသော link မှ ပြန်ဝင်၍ form ဖြည့်ပြီး register ထပ်မံ ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ရှိပါတယ်
https://forms.gle/EDzaDzEQmzJQSoa78