COVID-19 ရောဂါ ထိရောက်စွာ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ၁၄ ရက်ကြာ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine)ပြုလုပ်ရန် နေရာလျာထားခြင်းနှင့်စပ်လျဥ်း၍ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)ကျောင်းဆောင်များသို့ (29-3-2020)ရက်နေ့ ၊ နေ့လည် ၁၁ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်နှင့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးသိန်းလွင်၊ ဦးအောင်သိန်း၊ ဦးဇော်သင်း၊ NLD ပါတီအလုပ်အမှုဆောင်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်၊ ဗန်းမော်ပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာမင်းဇော်အေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ
ကြွရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါတယ်။