“ကျေးဇူးတင်မှတ်တမ်း”၂၀၂၀ပြည့်နှစ်၊ ဇွန်လဆန်းမှ စတင်၍ ~~~ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ဖွင့်လှစ်သင်ကြားပေးသော Online Internship Program/ Cisco Networking Training သို့ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ပဉ္စမနှစ် CT ကျောင်းသူ၊ ကျောင်းသား (၁၁)ဦးအား လက်ခံတက်ရောက်ခွင့် ပေးသည့် အတွက် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ မီမီသက်သွင်အား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် သင်ကြားပို့ချ ပေးသော ဌာနမှူးများ၊ ပါမောက္ခများနှင့် ဆရာ၊ ဆရာမများကိုလည်း ကျေးဇူးတင်ရှိပါ ကြောင်းမှတ်တမ်းတင်အပ်ပါတယ်။ ထို့အပြင် covid -19 ကာလအတွင်းမှာ ပညာလိုချင်သောစိတ်ဖြင့် ရောက်တဲ့နေရာမှ နေ၍ ကြိုးစားပမ်းစား တက်ရောက်လျက်ရှိကြသော ကျောင်းသူ၊ ကျောင်းသားများကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်) မိသားစု