မိုးသဲသဲမှာ နံနက်ပိုင်း၊ ညနေပိုင်း အတန်းအားလုံး ပျက်ကွက်မရှိ လာရောက်ဖြေဆိုကြတဲ့ ကွန်ပျုတာတက္ကသိုလ်(ဗန်းမော်)မှ ကျောင်းသူ၊ ကျောင်းသားများအား ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျန်းမာရေးမှူးများ၊ သူနာပြုဆရာမများမှ စာမေးပွဲစတင်ဖြေဆိုသောနေ့(23-3-2020)တွင်ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးနေသည့်မှတ်တမ်းဖြစ်ပါတယ်။
ဝမ်းနှင့်လွယ်မမွေးခဲ့ပေမယ့် သားသမီးအရင်းနှင့်မခြား ဂရုတစိုက် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြပါသော ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျန်းမာရေးမှူးများ၊ သူနာပြုဆရာမများနှင့် ဗန်းမော်ပြည့်သူ့ဆေးရုံအုပ်ကြီးဒေါက်တာမင်းဇော်အေးအား ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ ကျောင်းသားများလိုအပ်လျင်သုံးရန်အတွက်
စာမေးပွဲခန်းသုံးပစ္စည်းများလှူဒါန်းခဲ့သော
အမည်မဖော်လိုသူ အလှူရှင်ကိုလည်း ကျေးဇူးတင်ရှိပါတယ်။
ကွန်ပျုတာတက္ကသိုလ်(ဗန်းမော်)မိသားစု